တိုက်စစ်ကစားသမား ဆီမန်ညို ကို စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဘုန်းမောက်အသင်း
12 Jul
ဘုန်းမောက်အသင်းက ပရီးမီးယားလိဂ်ထိပ်သီးကလပ်များက ပစ်မှတ်ထားနေတဲ့ အသင်းတိုက်စစ်ကစား သမား ဆီမန်ညို ကို ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဂါနာလက်ရွေးစင်တိုက်စစ်မှူး ဆီမန်ညို အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ ပရီးမီးယားလိဂ် ၃၇ ပွဲတွင် ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဆီမန်ညို ကိုခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်း များဖြစ်တဲ့ လီဗာပူးလ်၊ မန်ယူနှင့် စပါးအသင်းတို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ သို့သော် ဘုန်းမောက်အသင်းက ဆီမန်ညို ကို ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုကာ ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ (NVS 008)
12 Jul