ရီးရဲလ်အသင်းမှာ အာနိုးလ် ပိုကောင်းလာနိုင်ကြောင်း အဂ္ဂါဒေးဗစ် ပြောကြား
12 Jul
နယ်သာလန်ဂန္ထဝင်ကစားသမား အဂ္ဂါဒေးဗစ် က အာနိုးလ် အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွင် ပိုကောင်းလာ နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် လီဗာပူးလ်အသင်း အကယ်ဒမီထွက် အာနိုးလ် ဟာ ပြီးခဲ့သည့်ဇွန်လက လီဗာပူးလ်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းသို့ ယူရို ၁၀ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားထားပြီး တစ်ပွဲပြီးတစ်ပွဲ အသင်းနဲ့ပိုမို အသားကျ လာကြောင်းသိရပါတယ်။ အာနိုးလ် အနေနဲ့ ရီးရဲလ်မှာ အသားကျလာပြီလို့ ယူဆမိကြောင်းနဲ့ ဒီထက်ပိုကောင်းလာနိုင်ကာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ် နောက်ခံလူတွေထဲက တစ်ဦးဖြစ်ကြောင်း အဂ္ဂါဒေးဗစ် က ပြောကြားခဲ့ပါတယ်။(NVS 008)
12 Jul