တွမ်မီနေး ကို ရောင်းချခဲ့လို့ မန်ယူအသင်း နောင်တရနေကြောင်းပြောခဲ့တဲ့ မက္ကာသီ
12 Jul
မန်ယူအသင်းရဲ့ နည်းပြအဖွဲ့ဝင်ဟောင်းဖြစ်သူ မက္ကာသီ က တွမ်မီနေး ကို ရောင်းထုတ်ခဲ့ခြင်းအတွက် အသင်း တာဝန်ရှိသူများ နောင်တရနေကြောင်း ပြောကြားခဲ့ပါတယ်။ မက္ကာသီ အနေနဲ့ မန်ယူအသင်းနည်းပြဟောင်း တန်ဟက်ဂ် လက်ထက်မှာ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းက ၂၀၂၄ နွေရာသီမှာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တွမ်မီနေး ကို နာပိုလီအသင်းထံ ပေါင် ၂၅ သန်းဖြင့် ရောင်းထုတ်ခဲ့ပါတယ်။ အသက်၂၈ နှစ်အရွယ် တွမ်မီနေး ဟာ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ရာသီက စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအသင်းအတွက် အဓိကခြေစွမ်းပြသူဖြစ်ခဲ့ပါတယ်။ မက္ကာသီက တွမ်မီနေးကို ရောင်းထုတ်ခဲ့ခြင်းအတွက် မန်ယူအသင်းတာဝန်ရှိသူများ နောင်တရနေကြကြောင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တွမ်မီနေး ဟာ မန်ယူအသင်းမှာကစားဖို့ မွေးဖွားလာသူဖြစ်ပြီး နည်းစနစ်ပိုင်း သိပ်မကောင်းပေမယ့် တိုက်ပွဲဝင်စိတ်အပြည့်ရှိသူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)