အာဆင်နယ်အသင်းတွင် ကျောနံပါတ် (၁၆)ဂျာစီ ဝတ်ဆင်ကစားသွားမည့် နော်ဂတ်ဒ်

12 Jul

ဘရန့်ဖို့ဒ်အသင်းမှ အာဆင်နယ်အသင်းသို့ အပိုဆုကြေးအပါ ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းဖြင့် ပြောင်းရွှေ့လာသည့် ကွင်းလယ်ကစားသမား နော်ဂတ်ဒ် က ကျောနံပါတ်(၁၆)ဂျာစီကို ဝတ်ဆင်ကစားသွားမည် ဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမား နော်ဂတ်ဒ် အနေနဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့အတူ ၂၀၁၉-၂ဝ၂ဝ မှ ပြီးခဲ့တဲ့ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၉၆ ပွဲကစားပြီး ၁၃ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အာဆင်နယ်အသင်းက ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ နော်ဂတ်ဒ် က လာမယ့်ဘောလုံးရာသီသစ်မှာ အာဆင်နယ်အသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူသွားမှာ ဖြစ်ပြီး နွေးထွေးစွာကြိုဆိုခဲ့တဲ့ အသင်းတာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .