“ဂါနာချို ကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာတဲ့ နာပိုလီအသင်း”

11 Jul

စီးရီးအေချန်ပီယံ နာပိုလီအသင်းဟာ မန်ယူတောင်ပံတိုက်စစ်ကစားသမား ဂါနာချို ကို ခေါ်ယူဖို့ ပြန်လည် ကြိုးပမ်းနေကြောင်း သိရပါတယ်။ နာပိုလီအသင်း ဟာ အသက် ၂၁ နှစ်အရွယ် အာဂျင်တီးနားတောင်ပံတိုက်စစ်ကစားသမား ဂါနာချို ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ဇန်နဝါရီလက ကြိုးပမ်းခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့ပါဘူး။ နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ အပြောင်းအရွှေ့ကာလက ဂါနာချို ကို ခေါ်ယူဖို့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ဖူးပေမဲ့ မန်ယူအသင်းက ပယ်ချခဲ့ တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဂါနာချိုဟာ မန်ယူအသင်းနည်းပြ အာမိုရင်နဲ့ ဆက်ဆံရေးမပြေလည်တာကြောင့် အခုနွေရာသီမှာ အသင်းသစ်ရှာဖွေဖို့ ပြောကြားထားတယ်လို့ သိရပါတယ်။ ဒါကြောင့် နာပိုလီအသင်းက ဂါနာချို ကို စျေးပေါပေါနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပြီး ပေါင် ၄၅ သန်းဝန်းကျင်နဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ (NVS 008)

11 Jul

ADVERTISE HERE .