“ဒါဝင်နူးနက်ဇ် ရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်တဲ့ လီဗာပူးလ်အသင်း”

11 Jul

လီဗာပူးလ်အသင်းဟာ နာပိုလီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို ပေါင်သန်း ၇၀ စျေးနှုန်းသတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရပြီး ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၇ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါဝင်နူးနက်ဇ် ဟာ အခုနွေမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့စီစဉ်နေတာကြောင့် စီးရီးအေချန်ပီယံ နာပိုလီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ဒါဝင်နူးနက်ဇ် ဟာ ၂၀၂၂ နွေရာသီက ဘင်ဖီကာအသင်းကနေ လီဗာပူးလ်အသင်းသို့ အပိုဆုကြေးတွေ အပါအဝင် ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ဒါဝင်နူးနက်ဇ် ကို ခေါ်ယူစဉ်ကထက် အရှုံးခံရောင်းထုတ်ဖို့ ဆန္ဒမရှိဘဲ ပေါင်သန်း ၇၀ ရမှသာ ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။ နာပိုလီအသင်းကတော့ ဒါဝင်နူးနက်ဇ်အတွက် ပေါင် ၅၅ သန်းသာ အသုံးပြုလိုနေတယ်လို့ သိရပါတယ်။ (NVS 008)

11 Jul

ADVERTISE HERE .