“ဆီမီးဖိုင်နယ်အတွက် ရာနှုန်းပြည့်အဆင်သင့်ဖြစ်တယ်လို့ပြောကြားခဲ့တဲ့ ဆင်နာ”
11 Jul
ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ် နဲ့ ယှဉ်ပြိုင်ရမယ့် ဝင်ဘယ်ဒန်ဆီမီးဖိုင်နယ်ပွဲအတွက် ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိတယ်လို့ ကမ္ဘာ့အဆင့်(၁) အီတလီတင်းနစ်သမား ဆင်နာ က ပြောကြားခဲ့ပါတယ်။ ဆင်နာ ဟာ အခုရက်သတ္တပတ်အစောပိုင်းမှာ တံတောင်ဆစ်ဒဏ်ရာရရှိခဲ့သလို စတုတ္ထအဆင့်ပွဲစဉ်မှာလည်း တံတောင်ဆစ်ကို ထပ်မံထိခိုက်မှုတွေရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ရှဲလ်တန်နဲ့ ကစားခဲ့တဲ့ ကွာတား ဖိုင်နယ် ပွဲစဉ်မှာလည်း ဆင်နာ ဟာ ညာဘက်လက်မှာ အကာအကွယ်လက်ပတ်ကို ဝတ်ဆင်ထားခဲ့တာကို တွေ့ရပါတယ်။ ကွာတားဖိုင်နယ်ပွဲအထိ အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီးယှဉ်ပြိုင်ခဲ့ရပေမယ့် ဒဏ်ရာနာကျင်မှုက တဖြည်းဖြည်းနဲ့ သက်သာစပြုလာပါပြီလို့ ရှဲလ်တန်နဲ့ပွဲအပြီးမှာ ဆင်နာ က ပြောကြားသွားခဲ့ပါတယ်။ (NVS 008)
11 Jul