“မာဒူအီကေ ကို ပေါင် ၅၂ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်အသင်း”

11 Jul

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းက အင်္ဂလန်တောင်ပံကစားသမား မာဒူအီကေ ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းဟာ မာဒူအီကေ ကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီး အခု ချဲလ်ဆီးအသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာဒူအီကေ ဟာ ၂၀၂၃ ဇန်နဝါရီလအပြောင်းအရွှေ့မှာ PSV ကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ် မာဒူအီကေ ဟာ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစားရာမှာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်အသင်းက ဘယ်ခြမ်းတိုက်စစ်ကို အပြောင်းအလဲ လုပ်ဖို့စီစဉ်နေပြီး ကစားသမားများစွာကို ပစ်မှတ်ထားခဲ့တဲ့အနက် မာဒူအီကေ ကို သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

11 Jul

ADVERTISE HERE .