“အေစီမီလန် - ကိုမို ပွဲကို သြစတြေးလျမှာ ယှဉ်ပြိုင်ကစားဖို့ ခွင့်ပြုခဲ့တဲ့ အီတလီဘောလုံးအဖွဲ့ချုပ်”

11 Jul

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က လာမယ့်ရာသီ စီးရီးအေပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေစီမီလန်-ကိုမို တို့ပွဲစဉ်ကို သြစတြေးလျနိုင်ငံမှာ ယှဉ်ပြိုင်ကစားဖို့ ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။ အေစီမီလန်-ကိုမိုပွဲစဉ်ကို ၂၀၂၆ ဖေဖော်ဝါရီလ ၈ ရက်တွင် ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် အဆိုပါနေ့မှာ ဆန်စီရိုကွင်းကို အသုံးပြုလို့မရတဲ့ အခြေအနေဖြစ်နေတာကြောင့် ပြည်ပထွက်ကစားဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အီတလီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်တွင် ဆန်စီရိုကွင်းမှာ ပြုလုပ်မှာဖြစ်တာကြောင့် အေစီမီလန်အသင်းက ကိုမိုအသင်းနဲ့ပွဲစဉ်ကို သြစတြေးလျမှာ သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခြင်းလည်းဖြစ်ပါတယ်။ အခုပွဲစဉ်ကို သြစတြေးလျနိုင်ငံမှာ အမှန်တကယ်ယှဉ်ပြိုင်ကစားခဲ့မယ်ဆိုရင် ပြည်ပနိုင်ငံတစ်ခုမှာ ယှဉ်ပြိုင်ကစားတဲ့ ပထမဆုံးသော ဥရောပလိဂ်ပွဲစဉ် တစ်ပွဲအဖြစ် မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။ (NVS 008)

11 Jul

ADVERTISE HERE .