“ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတဲ့ ဆာလီဘာ”
10 Jul
အာဆင်နယ်နောက်ခံကစားသမား ဆာလီဘာ ဟာ ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိကနောက်ခံကစားသမား ဆာလီဘာ ကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပေမဲ့ ကစားသမားကတော့ ရီးရဲလ်အသင်းမှာ ကစားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ဆာလီဘာ ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိတော့ပါတယ်။ အာဆင်နယ်အသင်းက ဆာလီဘာ ကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပေမယ့် ဆာလီဘာကတော့ ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ အလာဘာ၊ ရူဒီဂါ၊ ဘာပေ၊ အာနိုးလ် တို့ကို သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ် သက်တမ်းကုန်တဲ့အထိ စောင့်ဆိုင်းပြီး ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။ (NVS-008)
10 Jul