“ဘာပေ၊ ဗင်နီစီယပ်စ် တို့အနေနဲ့ ခံစစ်ကို ပိုကူသင့်တယ်လို့ဆိုတဲ့ တိုနီခရူးစ်”

10 Jul

ရီးရဲလ်ကွင်းလယ်ကစားသမားဟောင်း တိုနီခရူးစ် က အသင်းနာမည်ကျော်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘာပေ၊ ဗင်နီစီယပ်စ်တို့အနေနဲ့ ခံစစ်ကို ပိုကူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာပေနဲ့ ဗင်နီစီယပ်စ် တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အသင်းနည်းပြဟောင်း အန်ဆယ်လော့တီ လက်ထက်မှာ ခံစစ်ကို ကူညီမှုအားနည်းတဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိနည်းပြ အလွန်ဆို ကတော့ အန်ဆယ်လော့တီ ထက် တောင်းဆိုမှုပိုများပြီး ဘာပေနဲ့ ဗင်နီစီယပ်စ် တို့ဟာ သူရဲ့နည်းစနစ်နဲ့ အသားကျဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။ ရီးရဲလ်ကွင်းလယ်ကစားသမားဟောင်း တိုနီခရူးစ် က ဘာပေ၊ ဗင်နီစီယပ်စ်တို့အနေနဲ့ ခံစစ်ကို ပိုကူညီသင့်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ (NVS-008)

10 Jul

ADVERTISE HERE .