“ကမ်းလှမ်းမှုတွေကို လီဗာပူးလ်အသင်းနဲ့အတူ အကဲဖြတ်နေတယ်လို့ ဝန်ခံလိုက်တဲ့ ဒီယက်ဇ်”
10 Jul
လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဒီယက်ဇ် က ကမ်းလှမ်းမှုတွေကို လီဗာပူးလ်အသင်းနဲ့အတူ တိုင်ပင်ပြီး အကဲဖြတ်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒီယက်ဇ် ဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ အခုနွေရာသီမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေသူ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီယက်ဇ်ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နဲ့အတူ ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒီယက်ဇ် ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ် ၃၆ ပွဲမှာ ၁၃ ဂိုးသွင်း ယူခဲ့ပါတယ်။ (NVS-008)
10 Jul