“ကူဒက်စ် ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ စပါးအသင်း”

10 Jul

စပါးအသင်းဟာ ဝက်စ်ဟမ်းကွင်းလယ်တိုက်စစ်ကစားသမား ကူဒက်စ် ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ စပါးအသင်းဟာ ကူဒက်စ် ကို ခေါ်ယူဖို့ နွေရာသီအပြောင်းအရွှေ့စျေးကွက်စဖွင့်ကတည်းက ကြိုးပမ်းနေခဲ့ တာဖြစ်ပြီး အခုဝက်စ်ဟမ်းအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စပါးအသင်း ဟာ လာမယ့်ရက်ပိုင်းအတွင်း ကူဒက်စ် ကို ဆေးစစ်ဆေးမှု ပြုလုပ်ဖို့ စီစဉ်ထားပြီး ၆ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ကူဒက်စ်ဟာ ဝက်စ်ဟမ်းအသင်းအတွက် ပြိုင်ပွဲစုံ ၃၅ ပွဲမှာ ၅ ဂိုးသွင်းယူခဲ့ပါတယ်။ (NVS-008)

10 Jul

ADVERTISE HERE .