“လေးပွဲဆက် နှစ်ဂိုးအထက်သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ လီယွန်နယ် မက်ဆီ”
10 Jul
အင်တာမိုင်ယာမီအသင်းက မေဂျာလိဂ်ပွဲစဥ်မှာ နယူးအင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ရရှိခဲ့ပြီး နောက်ဆုံးလေးပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အင်တာမိုင်ယာမီအတွက် မက်ဆီ က နှစ်ဂိုးစလုံးသွင်းယူခဲ့ပြီး မေဂျာလိဂ်လေးပွဲဆက် နှစ်ဂိုးစီသွင်း ယူခဲ့ပါတယ်။ မက်ဆီ အနေနဲ့ မေဂျာလိဂ်သမိုင်းမှာ လေးပွဲဆက် နှစ်ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS-008)
10 Jul