“ဂရီးလစ်ရှ် ကို ခေါ်ယူဖို့ ဆော်ဒီကလပ် ၃ သင်း အပြိုင်ကမ်းလှမ်း”

09 Jul

မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ် ကိုခေါ်ယူဖို့ ဆော်ဒီကလပ်အသင်း ၃ သင်းက အပြိုင် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဂရီးလစ်ရှ် ဟာ ၂၀၂၅ ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မန်စီးတီးအသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံရပြီးနောက် အခုနွေရာသီမှာ အသင်း ပြောင်းရွှေ့ရဖို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ် ကိုခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတွေအပြင် ဥရောပကလပ်အသင်းများစွာ စိတ်ဝင်စားနေကြပြီး ဆော်ဒီကလပ်တွေကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်တွေဖြစ်တဲ့ အယ်လ်အာလီ၊ အယ်လ်ဟီလာနဲ့ Neom အသင်းတွေဟာ ဂရီးလစ်ရှ် ကိုခေါ်ယူဖို့ ကမ်းလှမ်းထားပြီး သူ့ရဲ့ တစ်ပတ်လစာ ပေါင် ၃၀၀,၀၀၀ ကိုလည်း ပေးချေဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ ဂရီးလစ်ရှ် ဟာ မန်စီးတီး အသင်းမှာရရှိတဲ့ လစာအတိုင်း အလိုရှိနေတာကြောင့် ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .