“ဂျပန်နောက်ခံကစားသမား တာကာအီ ကို ခေါ်ယူခဲ့တဲ့ စပါးအသင်း”

09 Jul

စပါးအသင်းဟာ ဂျေလိပ်ကလပ် ကာဝါဆာကီဖရွန်တယ်အသင်းက နောက်ခံလူ တာကာအီ ကိုခေါ်ယူခဲ့ပြီး တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ စပါးအသင်းအနေနဲ့ အသက် ၂၀ နှစ်အရွယ်ရှိ တာကာအီ အတွက် ပြောင်းရွှေ့ကြေး ပေါင်ငါးသန်းသာ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။၂၀၃၀ ပြည့်နှစ်အထိ ငါးနှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး နည်းပြသစ် သောမတ်စ်ဖရန့်ခ် ရဲ့ ပထမအသင်းလူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ စပါးအသင်းဟာ အခုနွေရာသီမှာ ပြီးခဲ့တဲ့ရာသီက အငှားခေါ်ယူခဲ့တဲ့ နောက်ခံလူ ဒန်ဆို နဲ့ တိုက်စစ် ကစားသမား မာဂျီတဲလ် တို့ကိုလည်း အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .