“အီလန်ဂါ ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ နယူးကာဆယ်အသင်း”

09 Jul

နယူးကာဆယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ကစားသမား အန်သိုနီ အီလန်ဂါ ကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားလို့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်း နိုင်ရေး ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် အီလန်ဂါ ဟာ ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြောက်ဂိုးသွင်းယူပြီး ၁၁ ဂိုး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အီလန်ဂါ က ၂၀၂၃ ခုနှစ် နွေရာသီကမှ မန်ယူအသင်းကနေ ပေါင် ၁၅ သန်းနဲ့ နော်တင်ဟမ်အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ မာလာဂါအသင်းက ၁၈ နှစ်အရွယ် တောင်ပံကစားသမား ကော်ဒဲရိုး ကိုလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူထားပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .