“ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ ရာကီတစ်”
09 Jul
ခရိုအေးရှားဝါရင့်ကွင်းလယ်လူ ရာကီတစ် ဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီလို့ အတည်ပြုကြေညာ ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ရာကီတစ် ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီက ဟာဒက်စပလစ်အသင်းကို ပြန်ရောက် လာပြီး အသင်းအတွက် ၃၅ ပွဲ ကစားပေးခဲ့ပါတယ်။ ရာကီတစ် ဟာ ဟာဒက်စပလစ်အသင်းရဲ့ အားကစားဆိုင်ရာ ရုံးအဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ ရာကီတစ် ဟာ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းနဲ့ ပရိုကစားသမားဘဝစတင်ခဲ့ပြီး ရှော်လ်ကေး၊ ဆီဗီလာ၊ ဘာစီလိုနာအသင်းတွေမှာ ကစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ သူ့ရဲ့ကစားသမားဘဝ အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ လာလီဂါဖလား လေးကြိမ်အပါအဝင် ဆုဖလား ၁၃ လုံး ဆွတ်ခူးခဲ့ပါတယ်။ ရာကီတစ် အနေနဲ့ ဘာစီလိုနာအသင်းမှာ ၂၀၁၄ ကနေ ၂၀၂၀ အထိ ခြောက်ရာသီကြာ ကစားခဲ့ပါတယ်။ ဆီဗီလာအသင်းမှာတော့ နှစ်ကြိမ်ကစားခဲ့ပြီး ယူရိုပါလိဂ်ဖလား နှစ်ကြိမ်ရရှိခဲ့ပါတယ်။ ရာကီတစ် ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် ၁၀၆ ပွဲကစားပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့ပါတယ်။ (NVS 008)