“အေစီမီလန်အသင်းကို မိုဒရစ် ပြောင်းရွှေ့လာမယ်လို့ အတည်ပြုခဲ့တဲ့ နည်းပြ အယ်လီဂရီ”

09 Jul

အေစီမီလန်အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်နေတဲ့ နည်းပြ အယ်လီဂရီ က လူကာမိုဒရစ် ဟာ ရီးရဲလ် အသင်းနဲ့ ကလပ်ကမ္ဘာ့ဖလားယှဉ်ပြိုင်အပြီး အေစီမီလန်အသင်းကို ပြောင်းရွှေ့လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် မိုဒရစ် ကလည်း ပြီးခဲ့တဲ့မေလက ရီးရဲလ်အသင်းနဲ့ ၁၃ နှစ်ကြာလက်တွဲမှုကို အဆုံးသတ်မယ်လို့ အတည်ပြုကြေညာထားပါတယ်။ အယ်လီဂရီ ဟာ အေစီမီလန်အသင်းကို ဒုတိယအကြိမ် ကိုင်တွယ်နေပြီး ပေါ်တူဂီလူမျိုးနည်းပြ ကွန်ဆေးဆာအို နေရာမှာ အစားထိုးတာဝန်ယူနေတာ ဖြစ်ပါတယ်။ မိုဒရစ် ဟာ ၂၀၁၂ ခုနှစ်မှာ စပါးအသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ချန်ပီယံလိဂ် ခြောက်ကြိမ်၊ လာလီဂါ လေးကြိမ်အပါအဝင် ဆုဖလား ၂၈ လုံး ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ် အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဆင်နွှဲဖို့ပြင်ဆင်နေပြီး ပွဲထွက်ခွင့်ရမယ့်အသင်းကို ပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .