ကုန်ဈေးနှုန်းသတင်း ၇.၇.၂၀၂၅

08 Jul

ဇူလိုင်လ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ထောပတ်ပဲ၊ ပြောင်းဆန်နဲ့ သကြားဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်နီဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၆,၄၉၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်း ကို ၁၀၆,၇၁၄ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၃၀ ကျပ်ကနေ ၄,၉၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၀,၈၀၃ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၃၃၀ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၄၃၀ ကျပ်ကနေ ၆,၅၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၆၄၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၂၀ ကျပ်ကနေ ၁,၇၄၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၉၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၅,၈၃၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၆၀၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၅၅၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၈ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၈၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၅၁၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၁၅ ကျပ်၊ မန္တလေးမှာ ၃,၁၂၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၉၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၀၇၀ ကျပ်၊ မန္တလေးမှာ ၃,၁၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၅၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၃၅ ကျပ်၊ မန္တလေးမှာ ၂,၇၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၆၅ ကျပ်၊ မန္တလေးမှာ ၃,၃၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၈၉၀,၀၀၀/-) ငါးဆယ် ရှစ်သိန်း ကိုးသောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၈၂၀,၀၀၀ိ/-) ခုနစ်ဆယ် ရှစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

08 Jul

ADVERTISE HERE .