“အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ နိုင်ငံခြားသားကစားသမား ၇ ဦးအထိ ခေါ်ယူခွင့်ရရှိခဲ့တဲ့ ရှမ်းယူနိုက်တက်”

08 Jul

အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ရှမ်းယူနိုက်တက်အသင်းဟာ နိုင်ငံခြားသား ကစားသမား ၇ ဦးအထိ ခေါ်ယူခွင့်ရရှိခဲ့ပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ဟာ ဒီနှစ်ထဲကျင်းပမယ့် ၂၀၂၅-၂၀၂၆ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အပြောင်းအလဲတချို့ ပြုလုပ်နေလျက်ရှိပြီး AFF ဟာ ဒီနှစ်ပြိုင်ပွဲကစပြီး ပြိုင်ပွဲဝင်အသင်းတွေကို နိုင်ငံခြားသား ကစားသမားခေါ်ယူခွင့် တိုးမြှင့်ပေးတဲ့ခဲ့တာ ဖြစ်ပါတယ်။ အသင်းတစ်သင်းက အာဆီယံကစားသမားတစ်ဦး အပါအဝင် နိုင်ငံခြားသားကစားသမား ၇ ဦး စည်းမျဥ်းနဲ့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချီးမြှင့်မယ့် ဆုကြေး တွေကိုလည်း ပြီးခဲ့တဲ့ရာသီကထက် ထပ်မံတိုးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၅- ၂၀၂၆ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေး အမေရိကန်ဒေါ်လာ ၄၂၅,၀၀၀၊ ဒုတိယအသင်းဟာ ဆုကြေးအမေရိကန်ဒေါ်လာ ၂၁၅,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက် အသင်းဟာ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်ကနေ စတင်ကစားရမှာဖြစ်ပါတယ်။ (NVS 008)

08 Jul

ADVERTISE HERE .