“ဘိုတာဖိုဂိုဂိုးသမား ဂျွန် ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ မန်ယူအသင်း”

08 Jul

မန်ယူအသင်းဟာ ဘိုတာဖိုဂိုအသင်းက ဘရာဇီးလ်ဂိုးသမား ဂျွန်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျွန် ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ဥရောပကလပ်အသင်း အချို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး အဆိုပါအသင်းထဲမှာ မန်ယူအသင်းလည်း ပါဝင်ခဲ့ပါတယ်။ မန်ယူနည်းပြ အာမိုရင်မ် က လက်ရှိနံပါတ်တစ်ဂိုးသမား အိုနာနာရဲ့ စွမ်းဆောင်ရည်ကို စိတ်တိုင်းကျခြင်း မရှိတာကြောင့် ဂိုးသမားသစ်အားဖြည့်ဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဂျွန် က ဘိုတာဖိုဂိုအသင်းနဲ့ ပေါင် ၆ သန်းအောက်သာရှိတဲ့ လျော်ကြေးစာချုပ်ချုပ်ဆိုထားတယ်လို့ သတင်းထွက်နေတာကြောင့် ခေါ်ယူဖို့ စီစဉ်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် လျော်ကြေးစာချုပ် ချုပ်ထားတယ်ဆိုတာ မရေမရာ ဖြစ်နေတာကြောင့် မန်ယူအသင်းအနေနဲ့ ပေါင် ၆ သန်းထက်ပိုတဲ့ တန်ဖိုးတစ်ရပ်နဲ့ ကမ်းလှမ်းရဖွယ်ရှိတယ်လို့လည်း မီဒီယာတချို့က ဖော်ပြနေကြပါတယ်။ (NVS 008)

08 Jul

ADVERTISE HERE .