“ဆန်ချိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း”
08 Jul
ဂျူဗင်တပ်စ်အသင်းက မန်ယူအသင်းတောင်ပံကစားသမား ဆန်ချို ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆန်ချို ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းကို အငှားချခံခဲ့ရသလို၊ မန်ယူနည်းပြ အာမိုရင်မ် ကလည်း အသင်းမှာ နေရာမပေးလိုတော့တာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်အသင်းက ဆန်ချို ကို ခေါ်ယူဖို့ချဉ်းကပ်ခဲ့ပြီး တစ်နှစ်လစာ ယူရို ၅ သန်းနှုန်းနဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းက မန်ယူအသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စ ဆက်လက်ညှိနှိုင်းခဲ့ရာမှာတော့ မန်ယူအသင်းက ယူရိုသန်း ၃၀ အလိုရှိနေပြီး ဂျူဗင်တပ်စ်အသင်းက ယူရို ၂၅ သန်းသာ ပေးချေလိုတာကြောင့် အဆင်မပြေသေးဘူးလို့ သိရပါတယ်။ (NVS 008)
08 Jul