“အသင်းသစ် ရှာဖွေနေတဲ့ ကာလမ်ဝီလ်ဆင်”

08 Jul

နယူးကာဆယ်အသင်းက ကာလမ်ဝီလ်ဆင် ဟာ အသင်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီး အသင်းသစ်ရှာဖွေ နေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ကာလမ်ဝီလ်ဆင် ဟာ ဒီနွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး အသင်းက ဆက်လက်သက်တမ်းမတိုးတော့တာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ကာလမ်ဝီလ်ဆင် ဟာ နယူးကာဆယ်အသင်းမှာ ကစားခဲ့တဲ့ ၅ ရာသီအတွင်း စုစုပေါင်း ၄၉ ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ တော့ ပရီးမီးယားလိဂ်သွင်းဂိုး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ကာလမ်ဝီလ်ဆင်က ရာသီကြိုခြေစမ်းပွဲတွေ မစတင်ခင် အသင်းသစ်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေ တယ်လို့ သိရပါတယ်။ (NVS 008)

08 Jul

ADVERTISE HERE .