“ဂိုးသမား ဆဇက်စနီ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာအသင်း”
08 Jul
ဘာစီလိုနာအသင်းက ပိုလန်နိုင်ငံသား ဂိုးသမား ဆဇက်စနီ ကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ဂိုးသမား တာစတီဂန် ဒဏ်ရာရရှိချိန်မှာ အရေးပေါ်အစားထိုးရန်အတွက် ဆဇက်စနီ ကို ခေါ်ယူခဲ့ရပါတယ်။ ဆဇက်စနီ ဟာ အသင်းမှာ အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တာကြောင့် ဘာစီလိုနာ အသင်း သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဆဇက်စနီ ဟာ ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း ကြေညာထားပြီးမှ ဘာစီလိုနာအသင်းက စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် ဆက်လက်ကစားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ (NVS 008)
08 Jul