“ဝင်ဘယ်လ်ဒန် နိုင်ပွဲ ၁၀၀ နဲ့ မှတ်တမ်းဝင်ခဲ့တဲ့ ဂျိုကိုဗစ်”

07 Jul

ဆာဘီးယား တင်းနစ်သမား ဂျိုကိုဗစ် ဟာ ဝင်ဘယ်လ်ဒန် ပြိုင်ပွဲတွေရဲ့နိုင်ပွဲမှတ်တမ်းတွင် နိုင်ပွဲ ၁၀၀ မြောက်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုကိုဗစ် ဟာ ဝင်ဘယ်လ်ဒန် ချန်ပီယံဆုကို ၈ ကြိမ်မြောက် ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားနေတာ ဖြစ်ပါတယ်။ ဂျိုကိုဗစ် အနေနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါက ရောဂျာဖက်ဒဲရားနဲ့ စံချိန်တူသွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်က US Open ပြိုင်ပွဲဖလားကို ရယူနိုင်ခဲ့ပြီးနောက်မှာ တင်းနစ်သမားဘဝ ၂၅ ခုမြောက် Grand Slam ဆုဖလားတစ်ခုအဖြစ် ရယူနိုင်ရန် ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဂျိုကိုဗစ် ဟာ အခုပြိုင်ပွဲမှာ ပွဲတစ်ပွဲအနိုင်ယူပြီးတိုင်း မှတ်တမ်းတစ်ခုရတာကြောင့် ပြိုင်ပွဲအနိုင်ရချိန်မှာ သူ့ရဲ့ကလေးတွေနဲ့အတူ ကခုန်ကာ အောင်ပွဲခံခဲ့ပါတယ်။ (NVS 008)

07 Jul

ADVERTISE HERE .