“ဂျိုကာရက်စ် ကို ခေါ်ယူဖို့အတွက် ‌နောက်ဆုံးအဆင့်သာကျန်တော့တယ်လို့ဆိုတဲ့ အာဆင်နယ်အသင်း”

07 Jul

အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ တိုက်စစ်မှူး ဂျိုကာရက်စ် ကို ခေါ်ယူဖို့ နောက်ဆုံး အဆင့် ဆွေးနွေးမှုအနည်းငယ်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ စပို့တင်းလစ္စဘွန်းမှာ ဆက်မကစားတော့ဘဲ အသင်းပြောင်းရွှေ့တော့မယ်လို့ တရားဝင်အသိပေးထားတဲ့ ဂျိုကာရက်စ် ကို အာဆင်နယ်အသင်းက ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရယူနိုင်ခဲ့ပြီးတဲ့နောက် စပို့တင်းလစ္စဘွန်း အသင်းနဲ့ ဆက်လက်ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဂျိုကာရက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ ပေးချေရမှာဖြစ်ပြီး ဆွီဒင် ကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားတော့မှာ ဖြစ်ပါတယ်။ (NVS 008)

07 Jul

ADVERTISE HERE .