“အသင်းလက်မဲ့ဖြစ်နေတဲ့ ကယ်လ်ဗတ်လူဝင် ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ မန်ယူအသင်း”
07 Jul
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ကယ်လ်ဗတ်လူဝင် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကယ်လ်ဗတ်လူဝင် ဟာ အဲဗာတန်အသင်းမှာ ၉ နှစ်ကြာ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းက ထိပ်တန်းတိုက်စစ်မှူးတွေကိုလည်း ခေါ်ယူဖို့ကြိုးစားနေချိန်မှာ ကယ်လ်ဗတ်လူဝင် ကို အရန်အင်အားအတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရပ်ရှ်ဖို့ဒ်၊ ဟွိုင်လန်း၊ ဂါနာချို၊ ဆန်ချို၊ အန်တိုနီ စတဲ့ တိုက်စစ်ကစားသမားတွေကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး ကစားသစ်ခေါ်ယူမှုတွေကို လုပ်ဆောင်နိုင်စွမ်းမရှိသေးပါဘူး။ မန်ယူအသင်းရဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားကို ဆွေးနွေးမှုအဆင့်သာ ရှိနေသေးတာကြောင့် အသင်းပရိသတ်များကြားဝေဖန်မှု တွေ မြင့်တက်နေပါတယ်။ (NVS 008)
07 Jul