“ဘဏ္ဍာရေးစည်းမျဉ်းကိုက်ညီရန် ပေါင်သန်း ၆၀ ကျော်ရရှိဖို့ လိုအပ်နေတဲ့ ချဲလ်ဆီးအသင်း”

07 Jul

ချဲလ်ဆီးအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီမှုရှိစေဖို့အတွက် ကစားသမားရောင်းချမှုကနေ ပေါင်သန်း ၆၀ ကျော်ရရှိဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ၈ ဦးအထိ ခေါ်ယူထားပြီး ပေါင်သန်း ၂၃၀ နီးပါး သုံးစွဲထားပါတယ်။ အသင်းကနေ ထွက်ခွာသွားတဲ့ ကစားသမား ၄ ဦးအတွက် ရရှိတဲ့ငွေကြေးက ပေါင် ၁၇ သန်းဝန်းကျင်သာရှိတာကြောင့် အသားတင်အသုံးစရိတ်က ပေါင်သန်း ၂၁၀ ဝန်းကျင်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ခေါ်ယူထားတဲ့ ကစားသမားသစ်တွေအားလုံးကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်ဖို့ဆိုရင် ကစားသမားရောင်းချမှုကနေ ပေါင်သန်း ၆၀ ကျော် ရရှိဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ UEFA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ချဲလ်ဆီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုနဲ့ ဒဏ်ငွေပေါင် ၂၆ ဒသမ ၇ သန်း ချမှတ် ထားပါတယ်။ ချဲလ်ဆီးအသင်းကတော့ ကစားသမားသစ်အများအပြားကို ရောင်းထုတ်ဖို့ စီစဉ်နေသလို၊ ကစားသမားသစ် ထပ်မံခေါ်ယူဖို့လည်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ (NVS 008)

07 Jul

ADVERTISE HERE .