“MNL League Cup 2025 ချန်ပီယံဆု ဆွတ်ခူးခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်း”
07 Jul
ဇူလိုင်လ ၆ ရက် ညနေပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်အသင်းတို့ရဲ့ MNL League Cup 2025 ဗိုလ်လုပွဲစဉ်မှာ ရန်ကုန်ယူနိုက်အသင်းက တစ်ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့စဉ်က ရှမ်းယူနိုက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ယခုနှစ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက ရလဒ်တူနဲ့ ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းနှစ်သင်း ထပ်တိုက်တွေ့ဆုံခဲ့တာကြောင့် မိနစ် ၉၀ ပွဲစဉ်ချိန်အတွင်း နှစ်ဖက် အသင်းနေနဲ့ အဝါကတ် စုစုပေါင်း ၈ ကတ်အထိ ပြသခံခဲ့ရကာ အကြိတ်အနယ် ယှဉ်ပြိုင်ဆိုင်ခဲ့ကြတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ချန်ပီယံဆုနှင့်ဝေးကွာနေမှု ကြာမြင့်ခဲ့တာဖြစ်ပြီး ယခုနှစ်မှသာ ချန်ပီယံဆုကို ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ (NVS 008)