ယခုနှစ်အကောင်းဆုံး ဆန်ခါတင်ဦးရေ ၅ဝ စာရင်းတွင် ပါဝင်နိုင်ဖွယ်မရှိတဲ့ ရိုဒရီ

06 Jul

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရရှိထားတဲ့ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီ အနေနဲ့ ယခုနှစ်အတွက် ဆန်ခါတင်ကစားသမားဦးရေ ၅၀ စာရင်းတွင် ပါဝင်နိုင်ခြင်းမရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဆိုးကို ပိုင်ဆိုင်နိုင်ရန် နီးစပ်လျက်ရှိနေကြောင်း သိရပါတယ်။ ပြီးခဲ့သည့်ဘောလုံးရာသီက မန်စီးတီးအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပြီး အမ်ဘာပေ နဲ့ ဗင်နီစီးယက်စ် တို့ကိုကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ရိုဒရီ က ဆွတ်ခူးနိုင်ခဲ့သော်လည်း ယခုနှစ် ဘောလုံးရာသီတွင် ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရတာဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မန်စီးတီးအသင်းနှင့်အတူ ချန်ပီယံဆုဆွတ်ခူးနိုင်မည် ဆိုပါက ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား ၅၀ စာရင်းတွင် ပါဝင်နိုင်ဖွယ် ရှိသော်လည်း မန်စီးတီးအသင်းက အယ်လ်ဟီလယ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရလို့ ရိုဒရိုအနေနဲ့ ကမ္ဘာ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားဦးရေ ၅၀ စာရင်းတွင် ပါဝင်နိုင်ရန် မသေချာတော့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားများအနေနဲ့ နောက်နှစ်တွင် အနည်းဆုံး ဆန်ခါတင်ကစားသမားဦးရေ ၅၀ စာရင်းတွင် ဝင်ရောက်ခဲ့ပြီး ယခုအခါ ဆန်ခါတင်ဦးရေ ၅၀ စာရင်းတွင် ပါဝင်နိုင်ခြင်းမရှိတဲ့ ပထမဆုံးကစားသမားအဖြစ် ရိုဒရီ က မှတ်တမ်းဆိုးတစ်ရပ်ကို ပိုင်ဆိုင်ရန် နီးစပ်နေတာ ဖြစ်ပါတယ်။(NVS 008)

06 Jul

ADVERTISE HERE .