လွတ်မန်း အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၅၂ သန်း သတ်မှတ်လိုက်တဲ့ အတ္တလန်တာအသင်း
06 Jul
အတ္တလန်တာအသင်းက အသင်းရဲ့တိုက်စစ်ကစားသမား လွတ်မန်း အတွက် ပြောင်းရွှေ့ကြေးကို စတာလင် ပေါင် ၅၂ သန်း သတ်မှတ်ခဲ့ပါတယ်။ လွတ်မန်း အနေနဲ့ ၂၀၂၂ ခုနှစ်မှာ လိုက်ပ်ဇစ်အသင်းမှ အတ္တလန်တာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီက အတ္တလန်တာအသင်း ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင်လည်း အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ တွင် သွင်းဂိုး ၂၀ ထိ သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပြီး လက်ရှိနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။ လက်ရှိတွင် လွတ်မန်း ကို အာဆင်နယ်အသင်းအပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်း ကလပ်အသင်းကြီးများက ခေါ်ယူရန် ပစ်မှတ်ထားနေတာကြောင့် အတ္တလန်တာအသင်းက ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၅၂ သန်း သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)