ထရိုဆက်ဒ် အား သက်တမ်းတိုးရန် ဆွေးနွေးနေတဲ့ အာဆင်နယ်အသင်း
06 Jul
အာဆင်နယ်အသင်းက တောင်ပံကစားသမား ထရိုဆက်ဒ် အား သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း သိရပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် တောင်ပံကစားသမား ထရိုဆက်ဒ် ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆို ထားသူဖြစ်ပြီး လက်ရှိတွင် ဆော်ဒီကလပ်အသင်းများက ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေကြပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ မူလက ထရိုဆက်ဒ် ကိုရောင်းထုတ်ရန် စီစဉ်ထားသော်လည်း အားကစား ဒါရိုက်တာသစ် အန်ဒရီယာဘာတာ ရောက်ရှိလာပြီးနောက် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေခြင်း ဖြစ်ပါတယ်။(NVS 008)
06 Jul