အယ်လ်ဗာရက်ဇ် ကို ရောင်းချမည်မဟုတ်ကြောင်း အက်သလက်တီကိုအသင်း အတည်ပြု

06 Jul

အက်သလက်တီကိုအသင်းဥက္ကဋ္ဌ စီရီဇို က ယခုနွေရာသီတွင် အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ကို ရောင်းချမှာမဟုတ်ကြောင်းနဲ့ လာမည့် ၂၀၂၅-၂၀၂၆ ရာသီတွင်လည်း အသင်းကစားသမားအဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူး အယ်လ်ဗာရက်ဇ် ဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ မန်စီးတီးအသင်းမှ အက်သလက်တီကိုအသင်းထံသို့ ယူရို ၉၅ သန်းဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ အက်သလက်တီကိုအသင်းအတွက် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ကာ ပြိုင်ပွဲစုံ ၅၄ ပွဲတွင် ၂၉ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ကာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီမှာ အယ်လ်ဗာရက်ဇ် ကိုခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်တဲ့ လီဗာပူး၊ အာဆင်နယ် တို့အပြင် လာလီဂါချန်ပီယံ ဘာစီလိုနာနှင့် စီးရီးအေထိပ်သီး အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေ ကြပါတယ်။(NVS 008)

06 Jul

ADVERTISE HERE .