ဒူရမ် ရဲ့နေရာမှာ မာတင်နယ်လီ နဲ့အစားထိုးရန် ကြိုးပမ်းနေတဲ့ အယ်နာဆာအသင်း

06 Jul

ဆော်ဒီကလပ် အယ်နာဆာအသင်းက အသင်းမှထွက်ခွာတော့မည့် တိုက်စစ်မှူး ဒူရမ် ရဲ့နေရာမှာ အစားထိုး ရန်အတွက် အာဆင်နယ်အသင်းမှ တိုက်စစ်မှူး မာတင်နယ်လီ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၃ သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းလျက်ရှိပါတယ်။ တိုက်စစ်မှူး ဒူရမ် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အယ်နာဆာအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းနှင့်အတူ ခြေစွမ်းပြသနိုင်ခဲ့သော်လည်း ဆော်ဒီပရိုလိဂ်တွင် ပျော်ရွှင်မှုမရှိတော့ဘဲ အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပြီးနောက် တူကီယဲကလပ် ဖီနာဘာချီအသင်းသို့ အငှားစာချုပ်ဖြင့် ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အယ်နာဆာအသင်းက ဒူရမ် ကို အငှားစာချုပ်ဖြင့် လက်လွှတ်ရမှာဖြစ်လို့ ၎င်းနေရာမှာ အာဆင်နယ်အသင်း၌ ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူး မာတင်နယ်လီ ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၇၃ သန်းထိ ပေးချေ ကမ်းလှမ်းရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အယ်နာဆာအသင်းအနေနဲ့ အစောပိုင်းက လီဗာပူးလ်အသင်းမှ လူးဝစ်ဒီယက်ဇ် ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ သော်လည်း လီဗာပူးလ်အသင်းရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် ကမ်းလှမ်းမှုမလုပ်တော့ဘဲ အာဆင်နယ် အသင်းမှ မာတင်နယ်လီ ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း ရောင်းချဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)

06 Jul

ADVERTISE HERE .