ဂါနာချို ကို အလျင်အမြန်ရောင်းထုတ်နိုင်ဖို့ စီစဉ်နေတဲ့ မန်ယူအသင်း
05 Jul
မန်ယူအသင်းက အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဂါနာချို ကို အခုနွေရာသီမှာ အလျင်အမြန် ရောင်းထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ဂါနာချို ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းနည်းပြ အာမိုရင်မ် နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး မန်ယူအသင်းက အခုနွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လက်ရှိမှာ မန်ယူအသင်းက ဂါနာချို ကိုခေါ်ယူမယ့်အသင်းကို ရှာဖွေနေပြီး အလျင်အမြန်ရောင်းထုတ်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အရင်က ဂါနာချို ကိုခေါ်ယူဖို့ ချဲလ်ဆီး၊ နာပိုလီနဲ့ အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိမှာတော့ ချဲလ်ဆီးအသင်း တစ်သင်းတည်းသာရှိတော့တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ အသင်းတောင်ပံတိုက်စစ်ကစားသမား ဂါနာချို အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ အလိုရှိနေပြီး အဆိုပါပမာဏဟာ ခေါ်ယူလိုတဲ့အသင်းတွေအတွက် များပြားနေတယ်လို့ သိရပါတယ်။(NVS 008)