မာဒူအီကေနဲ့ စတာလင်တို့အတွက် ကမ်းလှမ်းမှုကို စောင့်မျှော်နေတဲ့ ချဲလ်ဆီးအသင်း

05 Jul

ချဲလ်ဆီးအသင်းဟာ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားနှစ်ဦးဖြစ်တဲ့ မာဒူအီကေနဲ့ စတာလင် တို့ အတွက် ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အသက် ၃၀ ရှိပြီဖြစ်တဲ့ ဝါရင့်ကစားသမား စတာလင် ကို ပြီးခဲ့တဲ့ရာသီက အာဆင်နယ် အသင်းသို့ အငှားချခဲ့သလို အသင်းမှာ နေရာမပေးချင်တော့တာကြောင့် ရောင်းထုတ်ဖို့စီစဥ်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက ဒီနှစ်နွေရာသီမှာ ကစားသမားသစ်တွေ ထပ်မံခေါ်ယူပြီး အသင်းကို အပြောင်းအလဲ ထပ်လုပ်ဖို့ စီစဥ်နေတာကြောင့် မာဒူအီကေ ကိုလည်း အရောင်းစာရင်းထဲသို့ ထည့်ထားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက မာဒူအီကေ ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် တရားဝင်ကမ်းလှမ်းမှုတော့ မလုပ်ဆောင် ရသေးဘူးလို့ သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းက မာဒူအီကေ ကို မာတင်နယ်လီ ဒါမှမဟုတ် ကီဝီယော နဲ့ အလိုက်ပေးလဲဖို့ ကမ်းလှမ်းဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။(NVS 008)

05 Jul

ADVERTISE HERE .