ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ရီးရဲလ်အသင်းနဲ့ လမ်းခွဲဖို့ဆန္ဒရှိနေတဲ့ ရိုဒရီဂို

05 Jul

ရီးရဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ရိုဒရီဂို ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းနဲ့လမ်းခွဲဖို့ ဆန္ဒရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ရိုဒရီဂို ဟာ ရီးရဲလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးနည်းပါးလာသလို၊ နည်းပြအပြောင်းအလဲ ကြောင့် အနာဂတ်မရေရာတော့တဲ့အတွက် လမ်းခွဲဖို့လိုလားနေတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ရိုဒရီဂို ကို နာမည်ကြီးအသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးနဲ့ PSG စတဲ့အသင်းတွေက ခေါ်ယူချင်နေတာဖြစ်ပြီး ရိုဒရီဂို ရဲ့ အေးဂျင့်ဖြစ်သူက အပြောင်းအရွှေ့အတွက် စီစဉ် ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ရီးရဲလ်အသင်းက ပေါင်သန်း ၇၀ ဝန်းကျင်နဲ့ရောင်းထုတ်မယ့် ရိုဒရီဂို ကိုခေါ်ယူနိုင်ဖို့ အာဆင်နယ်က အလားအလာအကောင်းဆုံးဖြစ်နေတယ်လို့ သိရပါတယ်။(NVS 008)

05 Jul

ADVERTISE HERE .