ပြင်သစ်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရဖို့ အိပ်မက်မက်နေဆဲဖြစ်တဲ့ ပေါ့ဘာ
05 Jul
နာမည်ကျော် ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက ပြင်သစ်လက်ရွေးစင်အဖြစ် ပြန်လည်ရွေးချယ်ခံရဖို့ အိပ်မက်မက်နေဆဲဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ပေါ့ဘာ ဟာ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေစဉ် တားမြစ်ဆေးပြဿနာကြောင့် ကာလရှည်ပွဲပယ်ခံခဲ့ရပြီး အသင်းနဲ့လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ မူလက ၄ နှစ်အထိ ပွဲပယ်ခံခဲ့ရပြီး အယူခံဝင်ရာမှာ ၁၈ လကို လျှော့ချပေးခဲ့တာကြောင့် ၂၀၂၅ မတ်လမှာ ပွဲကစားခွင့်ပြန်ရခဲ့တာ ဖြစ်ပါတယ်။ ပွဲပယ်ပြစ်ဒဏ်လျှော့ချ ခံခဲ့ရပြီးနောက် မိုနာကိုအသင်းနဲ့ စာချုပ်ဆိုနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်မှာပါ ပြန်လည်ရွေးချယ်ခံရဖို့ အိပ်မက် မက်နေပါတယ်လို့ ပေါ့ဘာ က ပြောကြားခဲ့ပါတယ်။(NVS 008)
05 Jul