“ရစ်ချာလီဆန်ကို ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ စပါးအသင်း”

04 Jul

စပါးအသင်းဟာ အခုနွေရာသီအပြောင်းအ‌ရွှေ့မှာ အသင်းတိုက်စစ်ကစားသမား ရစ်ချာလီဆန်ကို ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ စပါးနည်းပြသစ် သောမတ်စ်ဖရန့် ဟာ ရစ်ချာလီဆန်ကို ကြိုက်နှစ်သက် ခြင်းမရှိဘဲ အခုနွေမှာ အသင်းသစ် ရှာဖွေဖို့ အသိပေးထားတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆန် ဟာ ၂၀၂၂ နွေရာသီမှာ အဲဗာတန်အသင်းကနေ စပါးအသင်းကို အပိုကြေးတွေအပါအဝင် ပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရစ်ချာလီဆန် ဟာ စပါးအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသလို ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး ၃ ရာသီအတွင်း ပြိုင်ပွဲစုံပွဲ ၉၀ မှာ ဂိုး ၂၀ သာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် စပါးအသင်းဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ရစ်ချာလီဆန်ကို ပေါင်သန်း ၂၀ နဲ့ ရောင်းထုတ်ဖို့စီစဉ် နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရစ်ချာလီဆန် ကို ခေါ်ယူဖို့အတွက် သူ့ရဲ့အသင်းဟောင်း အဲဗာတန်အသင်းနဲ့ တူရကီထိပ်သီး ဂါလာတာစာရေးအသင်းတို့က စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။ (NVS 008)

04 Jul

ADVERTISE HERE .