“ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဂျိုတာ အတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ပေးမည်”

04 Jul

လီဗာပူးလ်အသင်းက ပေါ်တူဂီတိုက်စစ်ကစားသမား ဒီယိုဂိုဂျိုတာနဲ့ ညီဖြစ်သူ အန်ဒရေဆေးလ်ဗားတို့ ကားမတော်တဆမှုနဲ့ သေဆုံးခဲ့ခြင်းအတွက် ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်သွားမယ်လို့ သိရပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေဖြစ်တဲ့ ကွာတားဖိုင်နယ် ၄ ပွဲကတော့ ဖလူမင်နိစ် - အယ်လ်ဟီလာ၊ ပါးလ်မီးရပ်စ် - ချဲလ်ဆီး၊ PSG - ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ် - ဒေါ့မွန် တို့ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဂျိုတာတို့ညီအစ်ကို ရုတ်တရက်သေဆုံးခဲ့ခြင်းအတွက် ဘောလုံးလောကမှာ ဝမ်းနည်းကြေကွဲကြောင်း ပြောကြားမှုတွေ၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေ ပြုလုပ်နေကြပြီး အမျိုးသမီးယူရိုပြိုင်ပွဲမှာလည်း တစ်မိနစ် ငြိမ်သက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖီဖာ က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်ကြည့်ရှုမှုနှုန်း မြင့်တက် လာစေဖို့အတွက် လက်မှတ်စျေးနှုန်းတွေကို လျှော့ချပေးနေပြီး ဖလူမင်နိစ်-အယ်လ်ဟီလာပွဲကို ၁၁ ဒေါ်လာဝန်းကျင်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ (NVS 008)

04 Jul

ADVERTISE HERE .