“အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်ဆောင်ရွက်မယ့် မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဟိန့်ဇီ”

04 Jul

မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဟိန့်ဇီ ဟာ အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ အသက် ၄၇ နှစ်အရွယ် ဟိန့်ဇီ ဟာ မန်ယူအသင်းမှာ ၂၀၀၄-၀၅ ကနေ ၂၀၀၆-၀၇ အထိ ၃ ရာသီကြာ ကစားခဲ့ဖူးသူဖြစ်ပြီး နည်းပြဘဝကို ကူးပြောင်းချိန်မှာ အတ္တလန်တာယူနိုက်တက်နဲ့ နယူးဝဲလ်အိုးဘွိုင်းစ် အသင်းတွေ ကို ကိုင်တွယ်ခဲ့ဖူးပြီး အသင်းလက်မဲ့ ဖြစ်နေတာ ၂ နှစ်နီးပါးရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာဟာ PSG အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ဟိန့်ဇီ ကို ကမ်းလှမ်းခဲ့ တာဖြစ်ပြီး ဟိန့်ဇီ ကလည်း လက်ခံခဲ့တာကြောင့် လာမယ့်ရာသီမှာ အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦး အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကူစတာ နေရာမှာ ဟိန့်ဇီ ကို အစားထိုးခန့်အပ်ဖို့ စီစဉ်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS 008)

04 Jul

ADVERTISE HERE .