“ရှုံးပွဲရင်ဆိုင်ခဲ့ရတဲ့ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း”

03 Jul

ဇူလိုင်လ ၂ ရက် ညနေပိုင်းအချိန်မှာ ၂၀၂၆ အာရှဖလားဝင်ရောက်ခွင့် အုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ မြန်မာအသင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်အသင်းကို အလေးထားယှဉ်ပြိုင်ရမည့် ပြိုင်ဘက်အသင်းတစ်သင်း ဖြစ်တာနှင့်အညီ အပြန်အလှန်တိုက်စစ်တွေနဲ့ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပေမယ့် ရှုံးပွဲနဲ့ ကြုံခဲ့ရခြင်းဖြစ်ပါတယ်။မြန်မာအသင်းက ဇူလိုင်လ ၅ ရက် ညနေပိုင်းအချိန်မှာ ဘာရိန်းအသင်းနဲ့ ဆက်လက် ယှဉ်ပြိုင် ကစားသွားကြရမှာ ဖြစ်ပါတယ်။ (NVS 008)

03 Jul

ADVERTISE HERE .