စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ သီဟိုဠ်စေ့ရဲ့အကြောင်း

02 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ သီဟိုဠ်စေ့ရဲ့အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သီဟိုဠ်စေ့က စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေကို ကုစားပေးနိုင်တဲ့ သဘာဝဆေးနည်းတစ်မျိုး ဖြစ်ပါတယ်။ သီဟိုဠ်စေ့မှာ သံဓာတ်၊ ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ မဂ္ဂနီဆီယမ်၊ အိုမီဂါသရီး၊ ဗီတာမင် ဘီဆစ် စတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ အဲ့ဒီ အာဟာရဓာတ် တွေက စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်သောကတွေကို သဘာဝအရ သက်သာစေတဲ့ ဓာတ်တွေဖြစ်ပါတယ်။ Tryptophan ဆိုတဲ့ဓာတ်က စိတ်ဖိစီးမှုဆိုင်ရာ လက္ခဏာတွေကို လျှော့ချပေးနိုင် ပါတယ်။ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့ လူတွေအတွက် မဂ္ဂနီဆီယမ်ဓာတ်က အဓိက အာဟာရ ဖြစ်ပါတယ်။ သီဟိုဠ်စေ့မှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာမို့ စိတ်ဓာတ်ကျ၊ စိတ်ဖိစီးသူတွေ အတွက် သဘာဝဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကလည်း စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးခြင်းအတွက် သက်သာစေတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သီဟိုဠ်စေ့မှာပါဝင်တဲ့ အာဟာရဓာတ် တော်တော်များများက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှု ဆိုင်ရာပြဿနာရှိသူတွေအတွက် အကောင်းဆုံးဆေးတစ်မျိုး ဖြစ်ပါတယ်။ သီဟိုဠ်စေ့မှာ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး စားချင်စိတ်ကိုပါ ထိန်းပေးနိုင်ပြီး ကိုယ်အလေးချိန်ကိုလည်း ထိရောက်စွာ ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်းရဲ့ အရင်းအမြစ်ကောင်း တစ်ခုဖြစ်ပြီး ကြွက်သားများ တည်ဆောက်ရန်နှင့် ထိန်းသိမ်းရန်အတွက်လည်း ကူညီပေးပါတယ်။ (NVS 003)

02 Jul

ADVERTISE HERE .