“အသင်းမှာ အမ်ဘူမို ဆက်နေဖို့ မဖြစ်နိုင်တော့ဘူးလို့ အတည်ပြုပြောကြားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်း”
02 Jul
မန်ယူအသင်းပစ်မှတ်ဖြစ်တဲ့ အမ်ဘူမို ဟာ အသင်းမှာ လာမယ့်ရာသီ ဆက်ကစားသွားဖို့ မဖြစ်နိုင်ကြောင်း ဘရန့်ဖို့ဒ်အသင်း အားကစားဒါရိုက်တာ ဖီးလ်ဂီးလက်စ် က အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဖီးလ်ဂီးလက်စ် က ဘရန့်ဖို့ဒ်အသင်းအနေနဲ့ အမ်ဘူမို ကို ထိုက်တန်တဲ့ပြောင်းရွှေ့ကြေးရမှသာ ရောင်းချ မယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။ ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူး အမ်ဘူမို ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းမှုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်အသင်းက မန်ယူအသင်းရဲ့နောက်ဆုံး ပေါင် ၆၂ ဒသမ ၅ သန်းတန် ကမ်းလှမ်းမှုအပါအဝင် နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်ထားခဲ့ပါတယ်။ အမ်ဘူမို ကိုယ်တိုင်ကလည်း မန်ယူအသင်းကို ပြောင်းရွှေ့လိုကြောင်း ဘရန့်ဖို့ဒ်အသင်းကို သတင်းပို့ထားပြီးဖြစ်ပါတယ်။ အမ်ဘူမိုကို နည်းပြဟောင်း သောမတ်စ်ဖရန့်ခ် ကိုင်တွယ်နေတဲ့ စပါးအသင်းအပါအဝင် ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတွေလည်း စိတ်ဝင်စားနေကြပါတယ်။(NVS 008)