“ရပ်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း”
02 Jul
ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ယူအသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဟာ မန်ယူနည်းပြ အာမိုရင်မ်နဲ့ အဆင်မပြေတာကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလက အက်စတွန်ဗီလာအသင်းကို ရာသီဝက်အငှားနဲ့ သွားရောက် ကစားနေခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ရပ်ရှ်ဖို့ဒ် ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခွင့်ရှိနေပေမယ့် အပြီးသတ်ခေါ်ယူမှာ မဟုတ်ဘူးလို့ အခုရက်သတ္တပတ် အစောပိုင်းက အတည်ပြုထားပါတယ်။ လက်ရှိမှာ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ ဘာစီလိုနာအသင်းတို့ကလည်း ချိတ်ဆက်နေကြပြီး အခု ဘိုင်ယန်မြူးနစ်အသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့အတွက် ရပ်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေပြီး တိုက်စစ်မှာ ဟာရီကိန်းနဲ့ တွဲဖက်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ (NVS 008)