“လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ် ကို စိတ်ဝင်စားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း”
02 Jul
ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီယက်ဇ် ကိုယ်တိုင်ကလည်း တခြားကလပ်တွေနဲ့ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်က ဝန်ခံခဲ့ပါတယ်။ ဒီယက်ဇ်နဲ့ လီဗာပူးလ်အသင်းအကြား စာချုပ်သက်တမ်း ကတော့ ၂၀၂၇ ခုနှစ် ဇွန်လအထိ သက်တမ်းရှိနေပေမယ့် ဘိုင်ယန်အသင်းက အသင်းရဲ့ဘယ်တောင်ပံကို အင်အားဖြည့်ဖို့ ပြင်ဆင်နေပြီး ဒီယက်ဇ် အပြင် PSG အသင်းက ဘာကိုလာ၊ ဘီလ်ဘာအိုအသင်းက နီကိုဝီလျံစ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ ဒီယက်ဇ် ဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစား ၁၇ ဂိုးသွင်းကာ ၈ ဂိုး သွင်းခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေဖို့ ကူညီပေးခဲ့ပါတယ်။ ဒီယက်ဇ် ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ပေါ်တိုအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ဝန်းကျင်နဲ့ ရောက်လာခဲ့တာပါ။လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၈ ပွဲကစားကာ ၄၁ ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။ (NVS 008)