“ဝင်ဘယ်ဒန် ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အိုဆာကာ”

02 Jul

ဂရင်းစလမ်ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားတဲ့ ဂျပန်တင်းနစ်မယ် အိုဆာကာ ဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲ ပထမအဆင့်မှာ နိုင်ပွဲရပြီးနောက် ဒုတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အိုဆာကာ ဟာ ပထမအဆင့်ပွဲမှာ လက်ရည်စစ်ပွဲကနေ ဝင်ပြိုင်ခွင့်ရတဲ့ ဩစတြေးလျတင်းနစ်မယ် ဂစ်ဘ်ဆင် နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ အိုဆာကာ ဟာ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ရုန်းကန်ရလေ့ရှိသလို ကစားသမားဘဝမှာ တတိယအဆင့်ကိုသာ အမြင့်ဆုံးအဖြစ် တက်ရောက်ထားနိုင် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဒုတိယအဆင့်ကနေ ထွက်ခဲ့ရတဲ့ အိုဆာကာ ဟာ အခုပထမအဆင့်ပွဲမှာ လည်း ပြိုင်ဘက်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ကစားသွားရတာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁၂၆ မှာရပ်တည်နေတဲ့ ဂစ်ဘ်ဆင် က ပထမပွဲလတ်အစပိုင်းမှာ အိုဆာကာ ကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပွဲလတ်မှာလည်း အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအပြီးမှာတော့ အိုဆာကာ က ၆း၄၊၇း၆ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

02 Jul

ADVERTISE HERE .