“Fight of the Month အဖြစ် ဂျိုရှုအာဗန်နဲ့ဘရန်ဒန်ရွိုင်ဗယ် တို့ပွဲစဉ် ရွေးချယ်ခံရ ”

02 Jul

နာမည်ကျော်တိုက်ခိုက်ရေး အဖွဲ့အစည်းဖြစ်တဲ့ UFC ဟာ မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက် နံနက်အစောပိုင်း က ကျင်းပတဲ့ UFC-317 ပြိုင်ပွဲမှ မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ပွဲကို ဇွန်လအတွက် Fight of the Month အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဇူလိုင်လ ၁ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဂျိုရှုအာဗန်နဲ့ ဘရန်ဒန်ရွိုင်ဗယ် ပွဲစဉ်ဟာ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး မြန်မာဖိုက်တာ ဂျိုရှုအာဗန် က အမှတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲကို UFC-317 ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲ Fight of the Night အဖြစ် ရွေးချယ်ခဲ့သလို ဇွန်လအတွက် အကောင်းဆုံးပွဲအဖြစ်ပါ ထပ်မံ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဂျိုရှုအာဗန်ဟာ နာမည်ကျော်တိုက်ခိုက်ရေး အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ပထမဆုံးထိုးသတ်ခွင့်ရတဲ့ မြန်မာ ဖိုက်တာတစ်ဦးဖြစ်ပြီး ဘရန်ဒန်ရွိုင်ဗယ် ကို အနိုင်ရပြီးနောက် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

02 Jul

ADVERTISE HERE .