“တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲမှာ စုပေါင်းတံခွန်စိုက်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ ရန်ကုန်တိုင်းအသင်း”
01 Jul
ရန်ကုန်မြို့ရှိ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံတွင် ဇွန်လ ၂၆ ရက်မှ ၃၀ ရက်အထိကျင်းပတဲ့ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ၌ ရန်ကုန်တိုင်းအသင်းမှ စုပေါင်းတံခွန်စိုက်ဆုဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းအသင်းက ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၁ ခုတို့ရရှိပြီး စုပေါင်းတံခွန် စိုက်ဆုဆွတ်ခူးနိုင်ခဲ့သဖြင့် ရန်ကုန်တိုင်းဝန် ကြီးချုပ်ဦးစိုးသိန်းက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲအား ရန်ကုန်၊ နေပြည်တော်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတို့မှ ကစားသမား ၂၃၄ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)
01 Jul